ကသာ ၊ စက်တင်ဘာ ၁၅ ။ ။
ကသာ မြို့နယ်တွင် စက်တင်ဘာ၁၅ရက် နံနက်၈နာရီခွဲက ဟိန္ဒူ-ဂေါ်ရခါး
ဗုဒ္ဓဘာသာအသင်းနှင့် ဟိန္ဒူဗုဒ္ဓ ဘာသာ မြို့ပေါ်ဘုရားကျောင်း
များဂေါပကအဖွဲ့တို့ ကြီးမှူးသည့် ဝါဆိုသင်္ကန်း လှည့်လည် ကပ်လှူ
ပူဇော်ပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။ ယခင်က ဟိန္ဒူ-ဂေါ်ရခါး အနွယ်ဝင်
ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများ၏ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအနေနှင့်
ဝါဆိုသင်္ကန်း ကပ်လှူမှုများရှိခဲ့သော်လည်း ယခု လို ဟိန္ဒူ-ဂေါ်ရခါးလူ
မျိုးများ စု ပေါင်း၍ မြို့ပေါ်သို့လှည့်လည် ပြသပြီးမှ ဝါဆိုသင်္ကန်းကပ်လှူ
မှုမှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်ကြောင်း ဟိန္ဒူမြို့ပေါ်ဘုရား
ကျောင်းများ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဌေးက ယခုလို ပြောသည်။
''အရင်ကတည်းက
ဗုဒ္ဓဘာ သာကိုကိုးကွယ်တဲ့ ကျွန်တော်တို့ ဟိန္ဒူလူမျိုးတွေဟာ ဝါဆိုသင်္ကန်း
ကပ်လှူခဲ့တာ မဆန်းပါဘူး။ အခု လိုမြို့ထဲကိုအလှူလှည့်သလို လှည့်
လည်တာမျိုးကတော့ မြန်မာနိုင်ငံ မှာ အရင်က မကြားခဲ့ဖူး ပါဘူး။ ကသာမြို့မှာ
ပထမဦးဆုံးစလုပ် တယ်လို့ ပြောရမှာပါ။ ဒီအတွက်လဲ ဒီမြို့ က
ကျွန်တော်တို့ဟိန္ဒူလူမျိုးတွေ အားလုံးဝမ်းသာကြပါတယ်။ ဒီလို
ဖြစ်မြောက်အောင် ဦးဆောင်စီ စဉ်ပေးတဲ့ ဦးပဥ္ဇင်းကုလား(ဦးစန္ဒာ ဝရ)ကို လဲ
အထူး ကျေးဇူး တင်မိ ပါတယ်'' ဟုပြောသည်။
ထိုနည်းတူစွာ
ဟိန္ဒူ-ဂေါ် ရခါး ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဦးဒူရ်သေးက ''တကယ်ကို ဝမ်း
သာကြပါတယ်။ ကျွန်တော်တင် မကပါဘူး။ ဟိန္ဒူဗုဒ္ဓဘာသာတွေ၊
ဂေါ်ရခါးဗုဒ္ဓဘာသာတွေ အား လုံးဝမ်းသာကြပါတယ်။ ဒီပွဲလေး ဖြစ်သွားတာ ကတော့
ဦးပဥ္ဇင်း ကုလား(ဦးစန္ဒာဝရ) ရဲ့ ဦးဆောင် အကြံပေးမှုကြောင့် ဖြစ်လာတာ ပါ။
ဒါ့ကြောင့် အခုလို ထူးထူးခြား ခြားဦးဦးဖျားဖျားဖြစ်အောင် ကူ ညီပေးတဲ့
အကြံဉာဏ်ပေးဦးဆောင် တဲ့ ဆရာတော်ဦးပဥ္ဇင်းကုလား (ဦးစန္ဒာဝရ) ကို အားလုံး
ကိုယ်စား ကျေးဇူးတင်ပါတယ်''ဟု ပြောသည်။
ထိုသို့
ကျေးဇူးတင်ကြောင်း ပြောကြားခံရသည့် ဦးစန္ဒာဝရ မှာ ကသာမြို့လေးထပ်ကျောင်း
အတွင်း သီတင်းသုံးနေထိုင်တော် မူသည့် ငယ်ဖြူရဟန်းဖြစ်ပြီး ၈၈
အရေးအခင်းကာလတွင်လည်း ကသာမြို့ သပိတ်ကော်မတီဥက္ကဋ္ဌ အဖြစ် ဦးဆောင်ခဲ့
သူဖြစ်သည်။ ဦးစန္ဒာဝရအား ကသာမြို့နယ် တစ်ခုလုံးမှ ဦးပဥ္ဇင်းကုလားအ
မည်ကိုသာသိကြပြီး မူရင်းဘွဲ့အ မည်သိသူမှာပင် အင်မတန်နည်း ပါးသည်။
ဦးပဥ္ဇင်းကုလား(ဦးစန္ဒာ ဝရ)အား ထိုပွဲဖြစ်လာပုံနှင့်ပတ် သက်ပြီး လျှောက်ထား
မေးမြန်း ခဲ့ရာ ဦးပဥ္ဇင်းကုလား(ဦးစန္ဒာဝရ) မှ
''ဒါမျိုးလေးမြို့ပေါ်လှည့်မယ် ဆိုတော့
သူတို့တစ်တွေ(ဟိန္ဒူ-ဂေါ်ရခါးဗုဒ္ဓဘာသာ)က ကြောက် ကြတယ်။
ဦးပဥ္ဇင်းကကြောက်ဖို့ မလိုဘူး။ ဒါဟာ ဘာသာရေးအ တွက် ကောင်းဖို့ လုပ်ကြတာ။
ဝါဆို သင်္ကန်းအလှူလှည့်တာပဲ ဖြစ်လာ ရင် ကျုပ်ရှင်းမယ်ဆိုပြီးလုပ်ဖြစ်
ကြတာပါ။ ဒါတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဘာဘာညာ ညာလာပြောသေးတယ်။ ကျုပ်
ကလဲ ဘယ်သူကပြောခိုင်းတာ လဲ။ ဘာသာရေး အလှူလှည့်တာ တောင်
ခွင့်ပြုချက်တောင်းရဦး မှာလား။ ဖမ်းချင်လဲ ကျုပ်ကိုပဲ ဖမ်း။
ဝါဆိုသင်္ကန်းကပ်လှူပွဲအ တွက်တော့ လှည့်ရမှာပဲလို့ ပြော လိုက်တယ်။
ထားပါတော့။ အဲဒီ လိုနဲ့ ဒီကနေ့လှည့်ဖြစ်တယ်ပေါ့။ မလှည့်ခင်မှာ နံနက်၆နာ
ရီမှာ မြို့ ပေါ်က ဆရာတော်သံဃာတော် အပါး၅ဝကို ဦးပဥ္ဇင်းတို့လေးထပ်
ကျောင်းမှာ အရုဏ်ဆွမ်းကပ်ပါ တယ်။ ပူရီတို့၊ ဘာဂျီတို့၊ အချိုပွဲ
တို့နဲ့ပေါ့။ ပြီးတော့မှ နံနက်၈နာရီ ခွဲမှာ မြို့တစ်ပတ် အလှူလှည့် တယ်။
နံနက်၉နာရီခွဲ မှာ ကျောင်း ကိုပြန်ရောက်တယ်။ သံဃာတော် အပါး၅ဝကို
သက်သတ်လွတ်ဒံ ပေါက်ဆွမ်းကပ်ပါတယ်။ အဲဒီလို ကပ်ပြီး
ဝါဆိုဦးသင်္ကန်းကပ်လှူပွဲ ကို လေးထပ်ကျောင်းထဲက ဓမ္မာ ရုံထဲမှာလုပ်ပါတယ်။
အဲဒီလိုကပ် လှူပွဲမှာ ဒီပွဲဖြစ်ပေါ် လာရခြင်း အကြောင်းကို ကျုပ်ကကြွရောက်
လာကြတဲ့မြို့ပေါ်က မြို့နယ်သံဃ နာယကဆရာတော်တွေ၊ ကျောင်း ထိုင်ဆရာတော်တွေ၊
ရဟန်းသံဃာ တွေကို လျှောက်ထားရှင်းလင်းပြ ပါတယ်။ ပြီးတော့မှ မြို့နယ်သံဃ
နာယက ဥက္ကဋ္ဌဆရာ တော်ဖြစ်တဲ့ အောင်မြေသာစည်ဆရာတော် ဦးပညာလောကက
ဒီပွဲနဲ့ပတ်သက် ပြီး ဝမ်းမြောက်ကြောင်း စကား မိန့်ကြားပါတယ်။ ပြီးတော့မှ
ဟိန္ဒူ - ဂေါ်ရခါး ဗုဒ္ဓဘာသာဝင်တွေက ဝါဆိုသင်္ကန်းနဲ့ ဝတ္ထုငွေလှူဒါန်း
ကြပါတယ်။ ဒီနှစ်က ပထမ အကြိမ် ပေါ့နော်။ နောက်နှစ်တွေမှာလဲ ဒီလို
ဝါဆိုဦးသင်္ကန်းအလှူပွဲလှည့် လည်လှူဒါန်းဆက်ကပ်တဲ့ အလှူ မျိုးကို
ဆက်လုပ်သွားဖြစ်မှာပါ'' ဟု မိန့်ကြားသည်။
ထိုအလှူပွဲ
နှင့်ပတ်သက်၍ မြို့လူထုကလည်း သဘောကျနှစ် ခြိုက်ကြပြီး မြို့ပေါ်တွင် ဘာသာ
ပေါင်းစုံပါဝင်သည့် ဘာသာပေါင်း စုံ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်မြောက်
စေလိုကြောင်း ပြောဆိုမှုများရှိ နေကြသည်။
ဟာဂျူလီ
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.