တောင်ကြီး ၊ စက်တင်ဘာ ၁၅။ ။
ရှမ်းပြည်နယ်တောင်ပိုင်း ကလော မြို့နယ် ဟဲဟိုးကျေးရွာအုပ်စုအ တွင်းရှိ
လွန်ခဲ့သောနှစ်များစွာက တပ်မတော်နှင့်ဝန်ကြီးများ သိမ်း
ဆည်းထားသောမြေယာများ မူလ ပိုင်ရှင်များသို့ ပြန်လည်ပေးအပ် နိုင်ရန် အတွက်
ကလောတပ်နယ် မှူး ဗိုလ်မှူးကြီးဇော်ဝင်း ဦးဆောင် သော တပ်မတော်အရာရှိများသည်
စက်တင်ဘာ၁၁ရက်က ဟဲဟိုး တစ်ဝိုက်မြေယာများကို ကွင်းဆင်း စိစစ်မှုများ
ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ
တွင် ကလောမြို့နယ်အုပ်ချုပ်ရေး ရုံး၊ မြို့နယ်မြေစာရင်းဌာန၊ NLD ပါတီမှ
တာဝန်ရှိသူများ၊ သက်ဆိုင် ရာရွာများမှ အုပ်ချုပ်ရေးမှူးများ၊
ကျေးရွာအထောက်အကူပြုကော် မတီဝင်များ၊ ကျေးရွာမြေယာကော် မတီ ဝင်များ၊
ရပ်မိရပ်ဖများ၊ ဒေသခံတောင်သူများနှင့်အတူ ဝါးရုံ ပင်ရွာ၊ အင်းခေါင်းရွာ၊
ကျောက် ကုန်းရွာ၊ စက်ပစ်ကွင်းအဖြစ် သိမ်း ဆည်းခံကွင်း အမှတ်(၁၃)မြေ
နေရာတို့အား လိုက်လံစစ်ဆေး ကာ မူလပိုင်ရှင်များကို တွေ့ဆုံ မေးမြန်းခဲ့
ကြောင်း သိရ သည်။
တပ်နယ်မှူး၏
ပြောပြချက် အရ စက်ပစ်ကွင်းအဖြစ် သိမ်း ဆည်းခံမြေယာများမှ အန္တရာယ်
ကင်းဇုန်မြေယာ ၂၁ဒသမ၁၉ဧက အား တပ်မှ ပြန်လည်စွန့်လွှတ် ပေးမည်ဟုသိရပြီး
ပြန်လည်ရရှိ မည့်မြေပိုင်ရှင်တစ်ဦးက ''ပြန်ရ မယ်ဆိုတော့ သိပ်ဝမ်း သာတယ်။
အဲဒါ အဒေါ်တို့အိမ်ထောင်ဦးက ရထားတဲ့မြေယာလေးလေ''ဟု ပြောသည်။ တပ်နယ်မှူးက
''မူလပိုင်ရှင် တွေ ဓားမဦးချလုပ်စားတဲ့သူတွေ စာရင်းအတိအကျနဲ့ ရဖို့လိုတယ်။
မဟုတ်ရင် အငြင်းပွားမှုတွေဖြစ် လာနိုင် တယ်'' ဟု ပြောသည်။
မြဝန်းရံ
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.